YE LWIN OO . COM
Private Darkroom of A Burmese Photo Maker
  • Home
  • About
  • Archives
  • Gears
  • Notes

YELWINOO and BANGKOK

April 16th, 2009
14 Comments
 

ကျွန်တော် နှင့် ဘန်ကောက်မြို့

ဘန်ကောက်မြို့ဆိုတာ ကျွန်တော် (၄)နှစ် ၊ (၄)မိုး တက္ကသိုလ် တက်ခဲ့တဲ့ နေရာပါ။ ဘန်ကောက်ဟာ ကျွန်တော့်အတွက် Second Home (ဒုတိယအိမ်) ဆိုရင်လည်း မမှားပါဘူး။ ကျောင်းသားဘ၀ တစ်လျှောက် ရန်ကုန်က ဧည့်သည်တွေ လာရင် လိုက်ပို့ပေး ၊ ရန်ကုန်က မှာတဲ့ ပစ္စည်းတွေ လိုက်ရှာဝယ်ပေးရင်း ကျွန်တော် ဘန်ကောက်မြို့ကို အတိုင်းအတာ တစ်ခုအထိ နှံ့နှံ့စပ်စပ် သွားလာတတ်တယ် ဗျ။ ကျွန်တော့်မှာ Long Weekend ပိတ်ရက်ရှည်တွေ ရှိရင် ဘန်ကောက်ကိုပဲ လာဖြစ်တာ များပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေ တော်တော် များများ ဘန်ကောက်မှာ အခြေချ နေကြတာက တစ်ကြောင်း ၊ ဘန်ကောက်မှာ ဈေးဝယ်ထွက် ရတာကို နှစ်သက်တာက တစ်ကြောင်း တို့ကြောင့်လည်း ကျွန်တော် တစ်နှစ်မှာ (၂) ခေါက်လောက်တော့ ရောက်ဖြစ်ပါတယ်။

ရောဂါ

တော်တော်လေး ဆိုးဝါးတဲ့ ရောဂါ။ ဘာရောဂါ လဲဆိုတော့ ကျွန်တော် နီကွန် ဒီ ၉၀ ကင်မရာ နဲ့ အဝေးရိုက် မှန်ဘီလူး နီကွန် ၁၈ – ၂၀၀ မမ ကို အရူးအမူး လိုချင်သော ရောဂါပါ။ ကျွန်တော် အခုကိုင်နေတဲ့ မိုဘိုင်းဖုန်း ဟန်းဆက်လေး အတော့်ကို ဟောင်းနေပါပြီ။ ကိုင်နေတာလည်း (၅) နှစ် ကျော်ခဲ့ပြီလေ။ သူငယ်ချင်းတွေက ဟန်းဆက်အသစ် လဲဖို့ တိုက်တွန်းစမြဲ တိုက်တွန်း ခဲ့ကြတာပါ။ ကျွန်တော် ပေတေပြီး မလဲ ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဟန်းဖုန်းထက် အရေးကြီးတဲ့ ကင်မရာဝယ်ဖို့ ပိုက်ဆံ စုနေလို့ပါ။ ကျွန်တော့် ရောဂါကို ကုစားဖို့က ပိုအရေးကြီး ပါတယ်။

ဒီဇင်ဘာမှာ ၀ယ်မယ်

၂၀၀၈ ဒီဇင်ဘာမှာ ကျွန်တော်နဲ့ သူငယ်ချင်း ကိုဝင်းသိန်းတို့ ဘန်ကောက် လာလည်ဖို့ စီစဉ်ကြပါတယ်။ ကိုဝင်းသိန်းက ဘန်ကောက်ကို တစ်ခါမျှ မရောက်ဖူးလို့ လည်ပတ်ချင်သလို ၊ ကျွန်တော်ကလည်း အရမ်းကို လိုချင်နေတဲ့ ကင်မရာနဲ့ မှန်ဘီလူး လိုက်ဝယ်မယ် ဆိုပြီး ခရီးစဉ်ကို စီစဉ်လိုက်ပါတယ်။ ကျွန်တော့် အဖေက အသာတကြည် ခွင့်ပြုလေတော့ လေယာဉ် လက်မှတ် ၊ ဗီဇာ ၊ ဟိုတယ် အားလုံး အဆင်သင့် ချိတ်ထား လိုက်ပါတယ်။ သွားခါနီး (၄) ရက်အလိုမှာ ဘန်ကောက်မှာ လေယာဉ်ကွင်းကို ဆန္ဒပြသူတွေက ၀င်စီးထားလိုက် ပါတယ်။ တကယ့်ကို အချိန်ကိုက် လေးပါ။ စိုင်းစိုင်းခမ်းလှိုင် သီချင်းထဲက “တိုက်ဆိုင်လိုက်တာများကွာ…” ဆိုတဲ့ စာသားအတိုင်း ဖြစ်နေပါပေတယ်။ ရိုးရာမပျက် ကျွန်တော့် ပါးစပ်မှ အလွန် ယုတ်ညံ့သော စကားလုံး များစွာနဲ့ ရေရွတ်ကြိမ်ဆဲ မိပါတော့တယ်။ ရွေးစရာ လမ်းမရှိ ၊ ခရီးစဉ်ကို ခပ်သုတ်သုတ်ပဲ ကျွန်တော် ဖျက်သိမ်းခဲ့ပါတယ်။ ကိုဝင်းသိန်း တို့များ ဘန်ကောက် မသွားရရင် စင်္ကာပူ သွားမယ်ဆိုပြီး လစ်သွားပါလေရဲ့။

သင်္ကြန်သွားပေါ့… သားရယ်…

ဒီဇင်ဘာလ နောက်ပိုင်းမှာ ကျွန်တော့်အတွက် ရုံးပိတ်ရက်ရှည် မရှိတော့ဘူးဗျ။ ကျွန်တော်တို့ ရုံးက တစ်ပတ် (၆) ရက် လုပ်ရတာပါ။ အဲဒါကြောင့် (၃ – ၄) ရက် ဆက်တိုက် ပိတ်ဖို့ဆိုတာ မလွယ်ပါဘူး ဗျာ။ ကျွန်တော် ကင်မရာ ၀ယ်ချင်တဲ့ ဆန္ဒကို ခေတ္တမျှ ချုပ်တီး ထားလိုက်ပါတယ်။ ကျွန်တော့် အဖေကလည်း “သင်္ကြန်သွားပေါ့ သားရယ်…” ဆိုတော့ “မျိုးကြီး” ရဲ့ “ဒီကစောင့်နေသူ” သီချင်းလေးနဲ့ပဲ သင်္ကြန်ပိတ်ရက်ကို အားခဲပြီး စောင့်နေခဲ့ရ တော့တာပေါ့။ ကျွန်တော် သွားချင်လွန်းလို့ ဘယ်လောက်တောင်များ နန့်နန့်ထ နေခဲ့သလဲ ဆိုရင် သင်္ကြန်သွားမယ့် ဘန်ကောက် လေယာဉ် လက်မှတ်ကို ဖေဖော်ဝါရီလ ပထမအပတ် ကတည်းက ၀ယ်ထားခဲ့ တာပါ။ အနားကပ်မှ ဆိုရင် ၀ယ်လို့ မရမှာ စိုးရိမ်လို့ပါ။  ဒီဇင်ဘာလ ကနေ ဧပြီလ အထိ ကာလတိုလေးမှာ နေ့ရက်တွေ ကုန်ဆုံးတာ ထူးထူးခြားခြား နှေးတယ်လို့ ခံစားမိ ပါတယ်။ ဒီကြားထဲ မတ်လ (၁၃) ရက်မှာ ကျွန်တော် ဂျီမက်(တ်) စာမေးပွဲတောင် ဖြေလိုက်ပါ သေးတယ်။ ဒီလိုနဲ့ နေ့ ၊ ည တွေကုန်ဆုံးလို့ ကျွန်တော် ရင်တမမနဲ့ စောင့်ခဲ့တဲ့ “လရယ် ဧပြီ ရောက်လာခဲ့ ပေပြီ”။ ကျွန်တော် သွားမှာက ဧပြီလ (၁၀) ရက်နေ့ မှပါ။ ဒါပေမယ့် ဧပြီလ (၁) ရက်နေ့ ကတည်းက ကျွန်တော် ခရီးသွားမယ့် Luggage က Ready ဖြစ်နေပါပြီ။ ရဲလွင်ဦးတို့များ ကင်မရာဝယ်ဖို့ ဇွဲနပဲ ကြီးပေစွ ပေါ့။

တက်ကြွတဲ့ ကြက်ဖ

ဧပြီလ (၁၀) ရက်။ နေ့လည် Flight ဆိုပေသော်လည်း မနက် (၉) နာရီ ကတည်းက အဖေ့ကို ကန်တော့ပြီး အိမ်က ထွက်လာခဲ့ တာပါ။ “တက်ကြွနဲ့ ကြက်ဖ” ဆိုသလို ပေါ့။ သူငယ်ချင်း ကိုဝင်းသိန်းနဲ့ လက်ဖက်ရည် ဆိုင်ထိုင်ပြီး အင်းယားလမ်း ၊ ကမ္ဘာအေးဘုရားလမ်း ၊ တက္ကသိုက်ရိပ်သာလမ်း တ၀ိုက် မဏ္ဍပ်တွေ ထိုးထိုးထောင်ထောင် ဆောက်နေတာလေးတွေ ဓာတ်ပုံရိုက်ပြီးမှ လေဆိပ် တက်ခဲ့တာပေါ့။ လေယာဉ်က ရန်ကုန် အချိန် (၁၄း၀၀) မှာ တက်ပါတယ်။

ထိုင်းနိုင်ငံမှ ကြိုဆိုပါ၏

တစ်နာရီ သာသာလေး စီးလိုက်တာနဲ့ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက် လာပါတယ်။ သူငယ်ချင်း မျိုးကျော်ထွန်းဆီမှာ တည်းမှာဆိုတော့ လေယာဉ် ဆိုက်ဆိုက်ချင်း သူ့ကို ဖုန်းဆက်ပြီး ချိတ်ရတာပေါ့။ ဖုန်းဆက်လိုက်တော့ Ring သံ နှစ်ချက် အဆုံးမှာ ကိုယ်တော်ချော ဖုန်းကိုင် လိုက်တယ်။ “ခင်ဗျား နောက်ဆို ဘန်ကောက် မလာနဲ့တော့ဗျာ” တဲ့။ ကျွန်တော်လည်း ကြောင်တောင်တောင်နဲ့ “ဟင်… ဘာဖြစ်လို့တုန်းကွ” လို့ပြန်မေး လိုက်ရတော့တာပေါ့။ “ခုနလေးကပဲ ထိုင်းအစိုးရက နိုင်ငံတော် အရေးပေါ် အခြေအနေ ဆိုပြီး တီဗွီမှာ ကြော်ငြာ သွားတယ်။ အကို ဒီဇင်ဘာလ တုန်းက လာမယ်ဆိုတော့ လေယာဉ်ကွင်း ပိတ်တယ်။ အခု အရေးပေါ် အခြေအနေ ကြော်ငြာတယ်။ ဘယ်လို တိုက်ဆိုင်မှုကြီးတွေလဲ ဗျာ။” ဟိုက်… မောင်ရဲလွင်ဦး ၊ မင်းသေစမ်း။

ဇာတာလားဗျာ

သူပြောလည်း ပြောစရာ ပဲဗျာ။ တော်တော်လေးကို ဒေါသထွက်စရာ ကောင်းလောက်အောင် တိုက်ဆိုင်ပါပေတယ်။ ပစ္စည်းဝယ်ဖို့ လာပါတယ် ဆိုမှ Shopping Centre တွေ ပိတ်ထားတော့ နံရံနဲ့ ခေါင်းနဲ့သာ ၀င်ဆောင့်လိုက်ချင် ပါတော့တယ်။ ဘာမှ ၀ယ်လို့ မရမယ့် အတူတူ ကျွန်တော် (၂) ရက်လောက် အခန်းအောင်းပြီး အိပ်စက် အနားယူ လိုက်ပါတယ်။ ဟိုနားသွားလည်း ပိတ် ၊ ဒီနေရာ သွားလဲ ပိတ် ဆိုတော့ လူလည်း သွားချင်စိတ် မရှိတော့ ပါဘူး။ ကျွန်တော် အရမ်း သံယောဇဉ် ရှိတဲ့ ဘန်ကောက်မြို့က ကျွန်တော်နဲ့ ဇာတာများ လာပြီး ငြိစွန်းနေသလား လို့သာ တွေးမိ ပါတော့တယ်…

YE LWIN OO © 2009 APR 15th…

  • Share/Save
Posted under: Notes
« BANGKOK SONGKRAN
Me, Ko Toe and Sayama »

14 Comments

ခုတော့လည်း လာရကျိုးနပ်ပါတယ် …. u know wht i mean ;) haha

CMS
April 16th, 2009

You will remember this event whenever taking the photos with this camera :P

Win Thiri Kyaw
April 16th, 2009

@ CMS >> မနောက်ပါနဲ့ ဗျာ။ ကိုချမ်း လုပ်ရင်းနဲ့ ကျွန်တော် နဲနဲတောင် လန့်လာပြီဗျ။

@ Win Thiri Kyaw >> Lolz… Yea, definitely.

Ye Lwin Oo
April 16th, 2009

I m ur regular blog reader. Now i m using D90 and 18-200 Lens. I like very much… :) I heard Thailand’s camera price is cheaper than Singapore. If can’t buy this time, try next time. :)

KZO
April 16th, 2009

ကိုဖြိုးပြောသလိုပဲ.. နောက်မလာနဲ့… ဒီလိုမှန်းသိရင် အစောကြီး ကတည်းက နှင်ထုတ်လိုက်ပါတယ်… :D

Kyi Cin Shwe
April 16th, 2009

wall nat head ko pyay ma sauk nat…..nin ka tu myar tway htat po nar mal bar lote lal so tot…..hair ma ma shi tar……a shein shot p sauk chin sauk dar ma tu myar nat nar tar tu mar …… :P

Treasure
April 16th, 2009

Anyway bro, now you must be happy! you’ve got what you really wanted. :)

Min Thu
April 16th, 2009

သြော်.. ဒါကြောင့်ကိုး.. နင် နောက်လာမယ်ဆို ကြိုပြောနော်.. သိလား။ :-P

Thidar Aye
April 16th, 2009

အခုတော့လည်း လိုချင်တာ ရသွားပြီး ပြောင်းရှည်ကြီးနဲ့ အမုန်းဆွဲလို့ ရသွားပြီ မဟုတ်လား? :P

Nyi Lin Win
April 16th, 2009

@ KZO >> I have bought is and started shooting with it lately… You’re right. It’s cheaper here in Thailand…

@ Kyi Cin Shwe >> နောက် မလာတော့ ပါဘူးဗျာ။

@ Treasure >> Thanks for your kind suggestion and I will think about it…

@ Min Thu >> Yes, finally… Sigh…

@ Thidar Aye >> အေး ငါကြို ပြောမယ်။ နင် မကြောက်ပါနဲ့။

@ Nyi Lin Win >> မမုန်းပါဘူး။ ဒီလောက် ချစ်စရာ ကောင်းတာကို…

Ye Lwin Oo
April 16th, 2009

hi, long time no see…
Guess who am I?

Tansin
April 17th, 2009

it’s what makes YLO: never calm once a time and always makes things active :P

Hsu Hlaing
April 17th, 2009

@ Tansin >> I don’t know who you are. Thanks for your visit and comment anyway…

@ Hsu Hlaing >> Thanks for your compliment…

Ye Lwin Oo
April 18th, 2009

I hope u got new camera and new cell phone

Linn
April 18th, 2009

Leave a comment

Recent Photos

  • 2394
  • 2374
  • 2357
  • 2340
  • 2320

Friends

  • Myo Kyaw Htun
  • Myo Han Htun
  • Nyi Min San
  • Chan Mya Soe
  • Min Thu
  • Soe Photography

Follow me at

  • LinkedIn
  • Facebook
  • Twitter
  • Friendster
  • Hi5
  • Photoblog
  • Picasa
  • DeviantArt

Archives

  • July 2010
  • June 2010
  • May 2010
  • April 2010
  • March 2010
  • November 2009
  • October 2009
  • September 2009
  • August 2009
  • July 2009
  • June 2009
  • May 2009
  • April 2009
  • March 2009
  • February 2009
  • January 2009
  • December 2008
  • November 2008
  • October 2008

Categories

  • 5nap5hots
  • 5treet 5hots
  • Dedications
  • Festivals & Events
  • Landmarks
  • Nature Arts
  • Notes
  • Portraits
  • Rural Lives
  • Souvenirs of Landscapes
  • Travel Spots

Blogging

  • C2M
  • My Photography Blog
  • Tanintharyi