YE LWIN OO . COM
Private Darkroom of A Serious Photo Maker
  • Home
  • About
  • Archives
  • Gears
  • Notes

WELCOME BACK

May 18th, 2009
29 Comments
 

သားသား ကြောက်ကြောက်

ခုလာမယ့် မေလ ၂၄ ရက်ဆို ဤလောကကြီးမှာ ကျွန်တော် အကြောက်ရဆုံး မယ်မင်းကြီးမ တစ်ယောက် ရန်ကုန် ရွှေမြို့တော်သို့ ပြန်လာပါ တော့မယ်။ အဲ… သူကတော့ နို့စည်ပုံးကြီး (ခေါ်) ပွန်ကြီး (ခေါ်) ဆင်ဖြူရှင်မ ပါပဲ ခင်ဗျား။ အမှန်တော့ ပွန်ကြီးက ကျွန်တော့် သူငယ်ချင်း မဟုတ်ဘူးဗျ။ သူ့အကို နဲ့ သူ့အမ ကမှ ကျွန်တော့် သူငယ်ချင်းတွေပါ။ ကျွန်တော် သူ့ကို ကြောက်ရခြင်း အကြောင်းအရင်းများကို ဒီမှာ ရေးနေရင် နောက်ထပ် (၃) ရက်လောက် ကြာမယ်ထင်ပါတယ်။ ကျွန်တော်က ဓါတ်ပုံသမား ဆိုတော့ ကျွန်တော့် အကျင့်အတိုင်း သူ့ကို Digital SLR Camera ၀ယ်ဖို့ ပိုးထဲ့တာပေါ့။ ၀ယ်မယ် ဆိုပြီး ဘယ်ဟုတ်မလဲ ဗျာ။ မယ်မင်းကြီးမ က USA မှာ ဈေးကြီးလို့ ဆိုပြီး ကျွန်တော့်ကို ဘန်ကောက်မှာ ၀ယ်ခိုင်းပါလေရော။ ယဉ်ယဉ်ကျေးကျေး ပြောရင် အကူအညီ တောင်းတာ ပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခိုင်းစားတာ ပေါ့။ ဟိ ဟိ။

ပွန်ကြီး ဆိုတာ ဘူလေးလဲ

ပွန်ကြီးက မှတ်ပုံတင်ထဲမှာသာ မိန်းခလေး ဗျ။ သူ့မှာ မိန်းခလေးနဲ့ တူတာဆိုလို့ ဘာမှ ရှိဘူး။ အဲ အဲ… ဘာတွေ ပြောမိမှန်း မသိပါဘူးဗျာ။ ခေါင်းစဉ် ပြောင်းတာ ကောင်းပါတယ်လေ…။ အဲ… ဟိုတလောလေးက Gtalk မှာ သူနဲ့ စကားပြော ဖြစ်တယ်။ သူ ကျွန်တော့်ကို နှုတ်ဆက်သွားပုံလေးက “ဘရားသားကြီး ၊ ကျွန်တော် ရန်ကုန်ပြန်လာတော့ မလို့ဗျ။ ပြန်လာရင် ကျုပ်ကို မုန့်လိုက်ကျွေး နော်” တဲ့။ ပွန်ကြီးဟာ အစား အင်မတန် သောင်းကျန်းတာကို သိထားတဲ့ ကျွန်တော်ကလည်း “အေး အေး။ နင်ဘာစားချင်တုန်း။ ရုံးအားရက်မှာ ငါ လိုက်ကျွေးပါ့မယ်။” လို့ ပြန်ပြောလိုက်မိ ပါတယ်။ “ဟာဗျာ။ ကျုပ်စားချင်တာတွေက အများကြီးဗျ။ ခု Gmail မှာ ချရေး နေတယ်။ ပြီးရင် ဘရားသားကြီး Gmail ထဲကို ပို့ပေးလိုက်မယ်။ ဟုတ်ပလား။” ကျွန်တော် အဲဒီ အချိန်မှာ မေတ္တာသုတ် ရွတ်နေပါပြီ။ ဘုရား ၊ ဘုရား List တောင် လုပ်ပြီး ပို့ဦးမယ် ဆိုပါလား။ သေစမ်း ရဲလွင်ဦး ရေ…။

1 New Unread Message

ပွန်ကြီးတို့က ဒါမျိုးဆို သိပ်မြန်တာ။ သိပ်မကြာပါဘူး။ Gtalk notification မှာ “1 New Unread Message” ဆိုပြီး ပေါ်လာပါလေရော။ ကျွန်တော် မေးလ်ကို ဖွင့်တဲ့ ပုံက ရှမ်းကိုမြီး ရိုက်လို့ ဖဲပွတ်သလိုပဲ ဗျ။ မေးလ်လည်း ပွင့်လာရော လန့်ထာဗျာ။ သိပ်မများဘူး ဗျ။ (၁၆) မျိုးတည်းရယ်။ ကဲ ကြည့်ပါဦး သူပို့လိုက်တဲ့ စားဖွယ်စုံကို

၁) ကျောက်မြောင်းထဲက နာမည်ကြီး မုန့်လင်မယား…
(တန်းစီပြီး စောင့်ရပေမယ့် အပြင်အကာလေး ကြွရွပြီး ကိုက်လိုက်တာနဲ့  အထဲက ပဲပြုတ်များများလေး ပါတဲ့ မုန့်နှစ် အိအိလေးကတော့ ဘာနဲ့မှ ယှဉ်လို့ မရဘူး… နှမ်းထောင်းများများလေး ဖြူးခိုင်းဖို့ မမေ့နဲ့နော်…)

၂) အဲဒီ ဆိုင်ကပဲ ရေမုန့်…
(မုန့်နှစ် ပိုင်တော့ စားလို့ ကောင်းသလား မမေးနဲ့…)

၃) လှည်းတန်းက ငါးဖယ်သုတ်နဲ့ ကြာဇံချက်…

၎) စမ်းချောင်းထဲက ဘာညာသရကာ အသုတ်ဆိုင်…
(ရခိုင် ထမင်းသုတ်၊ ရေခူသုတ်၊ ဆေးဘဲဥသုတ်၊ ငါးကျည်းခြောက်သုတ်၊ ရုံးပတီသီးသုတ် စတဲ့ အကုန်သုတ်ပေးတဲ့ ဆိုင်ပေါ့… ထမင်းဖြူ တစ်ပန်းကန်နဲ့ အသုတ်ပေါင်းစုံ ဗိုက်ရိုက်စား တာတောင် တော်တော်လေး တန်ပါတယ်…)

၅) အင်းစိန် RIT နားက ဦးရေခဲမုန့် ဟင်းခါး…
(မိုးအလင်းဆိုင် ဆိုတော့ ညဘက် ဘောလုံးပွဲ ကြည့်ရင်း ဗိုက်ဆာရင် သွားစားဖို့ မမေ့နဲ့ နော်… အလှူ မုန့်ဟင်းခါးလို မွှေးမွှေးပျစ်ပျစ်လေးနဲ့မို့ အိုးဘဲဥရယ် ပဲကြော်လေးရယ်နဲ့ တွဲစားလိုက်လို့ ကတော့ ရှယ်ပဲ…)

၆) မြေနီကုန်း မဟာဘောဂလမ်းထဲက ၀က်သားတုတ်ထိုးနဲ့ ကြာဇံ…
(သူ့ဆိုင်က ၀က်အူက တခြားဆိုင်တွေနဲ့ မတူတော့ နာမည်ကြီးတယ်… အပြောင်းအလဲလေး ဖြစ်အောင် သွားစားကြည့်နော်… ပြီးရင်တော့ ဘေးက အအေးဆိုင်မှာ ဒိုမီနိုလေး အစာပိတ် ၀င်သောက်ဖို့ မမေ့နဲ့ နော်…)

၇) လသာလမ်းထောင့်က ဆီထမင်းနဲ့ ငါးခြောက်ကြော်…
(လသာလမ်း အပေါ်လမ်းထောင့်က ဆိုင်နော်… သူ့ဆိုင်မှာ ကုန်သွားရင် အောက်လမ်းထောင့်က သူ့အစ်မဆိုင်ကို ညွှန်းတတ်ပေမဲ့ သူ့ဆိုင်က ပိုကောင်းတယ်…)

၈) ရန်ကင်းစင်တာနောက် ၁၂လုံးတန်းက ‘သဘာဝ’ ဆိုတဲ့ ယိုးဒယားဆိုင်…
(ဆိုင်ရှင် ယပက်လက် ကိုယ်တိုင်ချက်တာ… ယိုးဒယား အစားအသောက် ကြိုက်တဲ့ သူများအတွက်တော့ အရမ်းကို တန်တဲ့ဆိုင်ပေါ့… seafood tom yum ဟင်းရည်ဆိုလို့ ကတော့ ပုဇွန်တွေ ပြည်ကြီးငါးတွေ အများကြီးပါတဲ့ ၁၈၀၀ တစ်ပွဲကို လူနှစ်ယောက် ကောင်းကောင်းစားလို့ ရပါတယ်…)

၉) တရုတ်တန်း စဉ့်အိုးတန်း အပေါ်လမ်းထိပ်က ‘ရွှေနဂါး’…
(တရုတ်တန်းမှာတော့ သူ့ဆီချက်နဲ့ ကော်ရည်ကို မှီတာ ရှားပါတယ်… လွန်ခဲ့တဲ့ (၁) နှစ်လောက်အထိ ဆီချက် တစ်ပွဲကို ၃၀၀နဲ့ ရောင်းတုန်း… လွန်ခဲ့တဲ့ (၆) လလောက်ကတော့ ၄၀၀ ဖြစ်သွားပြီ… ဆီချက်၊ ကော်ရည်၊ ဘဲခေါင်းသုတ်၊ အသဲအမြစ်သုတ်၊ ဘဲသွေးသုတ် အစုံရပါတယ်… စေတနာလဲ ကောင်းတယ်…)

၁၀) M3 အနောက် လမ်းကြားထဲက ‘အောင်သုခ’…
(မြန်မာ ထမင်းဟင်း စားချင်တယ် ဆိုရင်တော့ မမေ့ပါနဲ့ … စေတနာ အရမ်းကောင်းတဲ့ ဆိုင်ပါ… ဆိုင်ရှင် ထိပ်ပြောင်ဦးလေးကြီး ကိုယ်တိုင် ဟင်းတွေ လိုက်လိုက်ဖြည့်ပေးတာ… ကြက်ကြော်သုပ်၊ ဆိတ်ကလီစာ၊ အမဲနှပ် ကောင်းတယ်…)

၁၁) တာမွေက ဦးချစ်မောင်လမ်းနဲ့ ရွှေဂုံတိုင်လမ်းကို ဆက်ထားတဲ့ လမ်းလေးထဲက ကော်ပြန့်ကြော်…
(လမ်းနာမည်တော့ မသိဘူး… ကျိုက်ထီးရိုး ဘုရားလေး သေးသေးလေး တစ်ဆူရှိတယ်…)

၁၂) TOP CHOICE က ထိုင်းထမင်းပေါင်းနဲ့ ငါးဟင်းထုတ်…

၁၃) ဗဟိုလမ်း စွမ်းစွမ်းက ကြက်ဥ ခေါက်ဆွဲကြော်…

၁၄) အင်းစိန် မင်းဓမ္မလမ်းပေါ်က ငါးအရေခွံကြော်…

၁၅) လမ်းမတော် (၈) လမ်းထိပ်က ကုလား ကြက်သားသုတ်…
(အရည် ရွတ်ပတ်ကြီး မဟုတ်ဘဲ အခြောက် သုတ်ပေးတာ…)

၁၆) လမ်းမတော် အောက်လမ်းထောင့် ရွှေနန်းတော်ရှေ့က ဂဏန်းကော်ကြော်…

နိဂုံး

အဲ ပွန်ကြီး တစ်ယောက် ကိုးရီးယား ဇာတ်လမ်းတွဲ ရုပ်ရှင်ကားတွေ ကြိုက်တယ် ထင်ရဲ့။ နောက်ဆက်တွဲတွေ ရှိသေးတယ် ဆိုတာကို အချက်ပြ လိုက်ပုံများက “ကျန်နေသေးတာတွေ ထပ်ဖြည့်ပေးမယ်နော်… ဟုတ်ကဲ့… ခု စဉ်းစားမိ သလောက်ကတော့ ဒီလောက်ပါပဲ… နောက် စဉ်းစားလို့ရမှ ထပ်ရေးဦးမယ် နော်… ရေးရင်းနဲ့  ကျွန်တော် မြို့ပတ်ပြီး လျှောက်စားနေတာတောင် လူသိပါပြီ… ဟီး…” ဟူ၍သာ…

WELCOME BACK

ကျွန်တော့်ကို ခိုင်းစားတော့မယ့် ၊ ရန်ကုန် တကူးတက ပြန်လာပြီး အစားအသောက် သောင်းကျန်းတော့မယ့် ဆင်ဖြူရှင်မ အား မေတ္တာသုတ်လေး ရွတ်ဆိုရင်း ကြိုဆိုလိုက်ပါတယ် ခင်ညာ…

Share/Save

Posted under: Notes
« MANDALAY, 150 YEARS
THE U PEIN BRIDGE »

29 Comments

မမပုံကြီးရေ… နှိပ်သာစက်… ကောင်းကောင်း နှိပ်စက်ခဲ့… မသေမချင်းသာ နှိပ်စက်

မီးငယ်
May 18th, 2009

ha haa… ngar ma ti tat nay yar tway shi tay par lar? :P

Treasure
May 18th, 2009

hahaha… nice post bro! :)

Min Thu
May 18th, 2009

@ မီးငယ် >> သွားမမြှောက်ပေး ပါနဲ့ဗျာ။

@ Treasure >> hote pa… အဲ တစ်ယောက်က အစား ဘုရင်မ…

@ Min Thu >> Thanks for ur comment, bro…

Ye Lwin Oo
May 18th, 2009

lol

George Kong
May 18th, 2009

@ George Kong >> Just for fun, bro…

Ye Lwin Oo
May 18th, 2009

ဆင်ဖြူရှင်မ ဆိုတာ မှန်လောက်တယ်… ဒီလောက် List တွေလုပ်ထား သလောက်ကတော့ ကြည့်ရတာ ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိအုံးမယ် ထင်တယ်… ရဲလွင်ဦးရေ… USA က ပြန်လာမှတော့… သူဌေး ကြေးမပတ် ချင်စမ်းပါနဲ့ကွာ… ပင်လယ်ထဲ မိုးရွာသလို ဖြစ်တော့မှာပေါ့… သွားချင်တဲ့နေရာ လိုက်တော့ ပို့ပေးလိုက်ပါ… ရှင်းရင်တော့ သူ့ရှင်းခိုင်း… ဟီး ဟီး ဟီး။

MYO HAN HTUN
May 18th, 2009

@ MYO HAN HTUN >> ကိုတိုး ပြောတဲ့ အကြံကို ပက်ပက်စက်စက် ထောက်ခံပါတယ် ခင်ဗျား။

Ye Lwin Oo
May 18th, 2009

တာမွေက တာမွေ သားတောင် တာမွေက ဆိုင်တွေ မစားဖြစ်ဘူး….. btw ထပ်တိုး စားရင်း လိုအပ်တာကို ပုံကြီး ကိုပြောထားတယ်… ;P

Yan Paing Oo
May 18th, 2009

@ Yan Paing Oo >> အမှာစာနဲ့ မကျွေးဘူး။ စားချင်ရင် ကိုယ်တိုင် ပြန်ခဲ့။ ကြားလား…။

Ye Lwin Oo
May 18th, 2009

ပုံကြီး List အတိုင်း မပြန်လာခင် ပို့လိုက်မယ်….. ထပ်တိုးဖို့လဲ များတယ် :P

Yan Paing Oo
May 18th, 2009

@ Yan Paing Oo >> ရတယ်။ အဲလိုသာ ပြန်လာမယ်ဆို ကျွေးမယ်…။

Ye Lwin Oo
May 18th, 2009

ဖတ်ပြီး ဗိုက်တောင် ဆာလာပြီ :D

ညီလင်းဝင်း
May 18th, 2009

@ ညီလင်းဝင်း >> ရန်ကုန် ပြန်လာပါ ခင်ဗျား။

Ye Lwin Oo
May 18th, 2009

ဗိုက်အပိုပါတယ် ထင်တယ်။
ကျုပ် ရောက်လာရင်တော့ ဘာစီစဉ်ပေးမလဲဗျ။
ကျုပ်ကတော့ အရည်ကလေးပဲ သောက်ပါတယ်။

သင်ကာ
May 18th, 2009

@ သင်ကာ >> စက်မှု (၁) ၊ ၀င်းသူဇာက ထုတ်တဲ့ RUM နဲ့ တည်ခင်း ဧည့်ခံပါမည်။

Ye Lwin Oo
May 18th, 2009

geez.. nice foodshops.. i better note it down too LOL

Linn
May 18th, 2009

@ Linn >> You should note down the statistical results of this professional eater… Lolz…

Ye Lwin Oo
May 18th, 2009

so u won’t find us when she back? but i think u must call us… coz we also like all that foods… ta-bar-wa is our favorite too… ahe… can i join?

Htein
May 18th, 2009

၁၁) တာမွေက ဦးချစ်မောင်လမ်းနဲ့ ရွှေဂုံတိုင်လမ်းကို ဆက်ထားတဲ့ လမ်းလေးထဲက ကော်ပြန့်ကြော်…
(လမ်းနာမည်တော့ မသိဘူး… ကျိုက်ထီးရိုး ဘုရားလေး သေးသေးလေး တစ်ဆူရှိတယ်…)

ကိုရဲလွင်ဦးရေ… အဲဒီလမ်းကို ဗိုလ်စိန်မှန်လို့ ခေါ်ပါတယ်…

PuTu
May 18th, 2009

hello
ကိုသားကြီး။
ဒီလောကကြီးမှာ ကိုသားကြီး ကြောက်ရမဲ့လူ ရှိသေးတာပေါ့နော်။ တော်သေးတာ ပေါ့နော်။ လိုက်ပို့လိုက်ပါဗျာ။ ကုသိုလ်ရ ပါတယ်။စေတနာ ထားတတ်ရင် မြတ်ပါတယ် ဗျ။ ဟီးဟီး။

Ko Thant Zin
May 18th, 2009

@ Htein >> If you agree to pay the bills, you can join… LOL…

@ PuTu >> Thanks for reminding me, bro… I totally forgot that name…

@ Ko Thant Zin >> မင်းမသိဘူးနော်။ အဲဒီ ပုံကြီးက အရမ်း ငတ်ကြီးကျတာ…

Ye Lwin Oo
May 18th, 2009

ဒီ page ကို F5 နှိပ်ရတာလဲ ရှမ်းကိုးမြီးမှာ ဖဲပွတ်ရ သလိုပါပဲဗျာ… comment တွေတက်ပြီ ဆိုတာနဲ့ ရင်တမမနဲ့  လာလာကြည့်ရတာ… ဒါတောင် အနယ်နယ် အရပ်ရပ်က fighter တွေ မစုံသေးလို့ ပွဲကသိပ်မစည် သေးဘူးလားလို့ … ဟီးဟီး…

PonGyi
May 19th, 2009

oh!! i haven’t been to any of those places :( i should try when i get back to ygn.

SY
May 19th, 2009

@ PonGyi >> ရင်တမမ ဆိုတော့ ဘယ်နား သွားမ တာလဲ။ စပ်စုတာ မဟုတ်ဘူး နော်။ သိချင်တာ…

@ SY >> Never been to any of them? Ar… You should try these shops…

Ye Lwin Oo
May 19th, 2009

ရန်ကုန် ပြန်ချင် နေတာနော်။ သူက စားစရာတွေချည်း စာရင်းလာပြတာနဲ့ တန်းတိုးတော့တယ်။ လိုက်ပို့ပေးလိုက် ဟဲ ဟဲ။
ဆိုင်တော့မဆိုင်ဘူး ဝင်ထောက်ခံပေးနေတာ။

PM
May 19th, 2009

@ PM >> ပို့ပေးပါတယ်။ ပိုက်ဆံတော့ မရှင်းနိုင်ဘူး။ ဟိ ဟိ…။

Ye Lwin Oo
May 19th, 2009

What a nice list of her, HUH?

Nyi Htoo
January 24th, 2010

@ Nyi Htoo >> Yea. No wonder she is fat.

Ye Lwin Oo
January 24th, 2010

Leave a comment

Recent Photos

  • 2093
  • 2090
  • 2200
  • 2172
  • 2155

Friends

  • Myo Kyaw Htun
  • Myo Han Htun
  • Nyi Min San
  • Chan Mya Soe
  • Min Thu
  • Soe Photography

Follow me at

  • LinkedIn
  • Facebook
  • Twitter
  • Friendster
  • Hi5
  • Photoblog
  • Picasa
  • DeviantArt

Archives

  • November 2009
  • October 2009
  • September 2009
  • August 2009
  • July 2009
  • June 2009
  • May 2009
  • April 2009
  • March 2009
  • February 2009
  • January 2009
  • December 2008
  • November 2008
  • October 2008

Categories

  • 5nap5hots
  • 5treet 5hots
  • Dedications
  • Festivals & Events
  • Landmarks
  • Nature Arts
  • Notes
  • Portraits
  • Rural Lives
  • Souvenirs of Landscapes
  • Travel Spots

Blogging

  • C2M
  • My Photography Blog
  • Tanintharyi