ဒီနေ့ သူငယ်ချင်း တစ်ယောက်က Gtalk မှာ ပြလို့ Link တစ်ခုကို ဖွင့်ကြည့်ဖြစ်တယ်။ “ရဲလွင်ဦး ရေ… ၊ မင်းနာမည်ကြီး အဲဒီ အထဲမှာ ပါနေတယ် ဟ” ဆိုတော့ လန့်သွားတာ။ ဖွင့်ကြည့်တော့ www.shwedarling.com ဆိုတဲ့ Website ရဲ့ post တစ်ခုပါ။ မြန်မာ နိုင်ငံနဲ့ ပတ်သတ်တဲ့ ၊ မြန်မာတွေ ရေးတဲ့ ဘလော့ဂ်တွေထဲ က လူကြည့်အများဆုံး ဘလော့ဂ် (၅၀) ကို စာရင်း ပြုစုထားတာ တွေ့ရတယ်။ Website Ranking လောက မှာ လူတော်တော်များများ သိကြတဲ့ Alexa Traffic Ranking က Result တွေ အရ စီထားတာဗျ။ ကျွန်တော့်ကို ဒီ Website ဖြစ်လာအောင် ပုံဖော် တိုက်တွန်း ပေးခဲ့တဲ့ ကိုဖြိုး (မျိုးကျော်ထွန်း) က နံပါတ် (၂) မှာ။ ကျွန်တော် က သူနဲ့ ကပ်လျက် နံပါတ် (၃) မှာ ၊ ညီမင်းစံ (ပုဂံနက်) က နံပါတ် (၅) မှာ ၊ စာရေးဆရာမ မနိုင်းနိုင်းစနေ က နံပါတ် (၉) မှာ ၊ ကိုမောင်လှ က နံပါတ် (၁၁) ၊ ကိုတိုး (မျိုးဟန်ထွန်း) က နံပါတ် (၁၆) ၊ ကိုညီလင်းဆက် က နံပါတ် (၁၇) စသဖြင့် ပေါ့။ List တစ်ခု လုံးကို ဒီနေရာ မှာ နှိပ်ပြီး ကြည့်လို့ ရပါတယ်။ စာရင်း ပြုစုပေးတဲ့ www.shwedarling.com ကိုလဲ အထူး ကျေးဇူး တင်ပါတယ်။ List ထဲမှာ ပါလာတဲ့ သူငယ်ချင်းတွေကိုလဲ Congratulations!!! ဒီထက်မက အောင်မြင်ကြပါစေ လို့ဗျာ…။