ပုံမှန်အားဖြင့် ကျွန်တော် ရိုက်ထားတဲ့ ပုံတွေကို ပြုပြင်လေ့ မရှိဘူးဗျ။ ဥပမာ… ရွှေတိဂုံ ဘုရား အနောက်ဖက်မုဒ်က ခြင်္သေ့ကြီး နှစ်ကောင် ဆိုပါစို့။ Wide Angle Aspherical Lens နဲ့ ရိုက်ခဲ့တာပါ။ ကောင်းကင်ပြာကြီးကို ပါစေချင်တော့ အောက်ကနေ ပင့်ပြီး ရိုက်တယ်။ အဲတော့ ပုံရဲ့ အောက်ခြေအပိုင်းက နဲနဲကားထွက်နေတယ်။ Distortion ရှိတယ်ပေါ့ဗျာ။ အမှန်ဆို အဲဒီ Distortion ကို Software သုံးပြီး ဖျောက်လို့ရတယ်။ ဒါပေမယ့် ကျွန်တော် မဖျောက်ဘူးဗျ။ ရိုက်တုန်းက အတိုင်းပဲ တင်လိုက်တယ်။ အဲ… ပုံတွေကို မပြင်ဘူး လို့ပြောတာ အဲလို မူရင်း ရသတွေကို မပြင်ဘူး ပြောတာပါ။ ကာလာချိန်တာ ကတော့ ကျွန်တော် လုပ်ဖြစ်ပါတယ်။ ရှုခင်း (Landscape) တွေ ရိုက်ရင် ကင်မရာရဲ့ Picture Control မှာကိုက Vivid Mode နဲ့ ရိုက်တယ်။ ပြီးရင် Lightroom ပေါ်မှာ ကောင်းကင်ရဲ့ အပြာရောင်ကို လျှော့တယ် ၊ တိုးတယ်။ မြက်ခင်းစိမ်းကို ရင့်မယ် ၊ ဖျော့မယ်… စသဖြင့်ပေါ့။ မှတ်မှတ်ရရ… အဲဒီ ခြင်္သေ့ကြီး နှစ်ကောင်ပုံမှာ ကောင်းကင် အပြာရောင်ကို Saturation နဲနဲလေး တင်ထားတာက လွဲလို့ ကျန်တာ ဘာဆို ဘာမှ ပြုပြင်ထားတာ မရှိဘူးဗျ။
ကျွန်တော့်ကို ထုံတယ်ပဲ ပြောပြော ၊ နုံတယ်လို့ ဆိုဆို… ကျွန်တော် ဒီနေ့ထိ Photoshop မသုံးတတ်ဘူး ဗျ။ တကယ်ပါ။ ကျွန်တော် သုံးတတ်ချင်ပါတယ်။ သူများတွေ Photoshop ပေါ်မှာ ဖန်တီးထားတဲ့ Artwork တွေ မြင်ရင် သွားရေကျပါတယ်။ အဲ… Photoshop သုံးတတ်ချင်တယ် ဆိုတာက ကျွန်တော့် ဓါတ်ပုံတွေ ပြင်ဖို့ မဟုတ်ပါဘူး။ Illusion တို့ ၊ Abstract တို့လို artwork လေးတွေ ဖန်တီးတတ်ချင်လို့ပါ။ စိတ်ကူးပေါက်သလို Portrait လေးတွေကို Fancy ပုံစံမျိုးလေးတွေ ၊ Banner လှလှ လေးတွေ လုပ်ချင်တယ်ဗျ။ Lightroom မှာ ဒါတွေ လုပ်လို့ မရဘူးဗျ။
ပုံတစ်ပုံကို ရိုက်နေတုန်းက Feeling တစ်မျိုး ၊ ရိုက်ပြီး ကာလာပြန်ချိန် စဉ်မှာ Feeling တစ်မျိုး ဖြစ်သွားတာမျိုး ခင်ဗျားတို့ ကြုံဖူးမလားတော့ မသိဘူး။ ရိုက်တုန်းက အရမ်းကို ရောင်အသွေးစုံတဲ့ Landscape တစ်ခုကို Colorful Fine Art အဖြစ် မျက်စိ ပသာဓ ရှိအောင် ရိုက်ခဲ့တာ။ အထီးကျန် ဆန်တဲ့ ညတစ်ညမှာ အဲဒီပုံကို ကာလာချိန်ရင် အဲဒီပုံက Fine Art ဖြစ်မလာတော့ဘူးဗျ။ မှုန်မှုန်တွေတွေနဲ့ Vintage Color Tone တို့ ၊ အဖြူအမည်း Monochromatic တို့တွေ ဖြစ်လာရော။ အဲလိုတွေလည်း ဖြစ်တတ်ပါတယ်။ ဆိုလိုတာ ဓါတ်ပုံသမား တစ်ယောက်ဟာ ပုံတစ်ပုံရဲ့ ရသကို လုံးဝ ပြောင်းပြန်ဖြစ်သွားစေနိုင်တယ် ဆိုတဲ့ သဘောပါ။ Post Shooting Editing Software တွေ အရမ်း ကောင်းလာတဲ့ ဒီဖက်ခေတ်မှာ ပိုလို့တောင် ဆိုးလာပါတယ်။ ဖလင်ခေတ်ကထက် အဆပေါင်း များစွာ လက်ဆော့ လာကြပါတယ်။ ဒါကြောင့် ပုံတစ်ပုံဟာ ဘယ်လို ဘယ်ပုံနဲ့ ဘယ်ရသမျိုး ပေးစွမ်းနိုင်သလဲ ဆိုတာ ဓါတ်ပုံသမား တစ်ယောက်ရဲ့ ခံစားချက် (mood) အပေါ်မှာ အများကြီး မူတည် နေတယ်ဗျ။
ကောင်းကင် ဆိုတာ အပြာရောင်ကို ဖော်ကျူးပါတယ်။ ကျွန်တော်တို့ မြန်မာတွေမှာ “ကောင်းကင်ပြာ” လို့တောင် ဆိုရိုး ရှိသကိုး။ ဒါကြောင့်လည်း လူတွေက ကောင်းကင်ကို မြင်ရင် ပြာမှ လှတယ် လို့ ထင်ကြတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကောင်းကင်ကို အမြဲတမ်း အပြာရောင် မြင်နေရတော့ ပျင်းလာတဲ့ ကျွန်တော်တို့ တွေက လက်စွမ်း ပြတတ်ကြတယ်။ လက်စွမ်းပြတယ် ဆိုတာ Fooling Around (ရူးကြောင်ကြောင် လျှောက်လုပ်တာ) ကို ပြောတာဗျ။ ကောင်းကင်ကို ခရမ်းရောင် ပြောင်းပစ်တာတို့ ၊ ကြည်လင်စွာ စီးဆင်းနေတဲ့ စိမ့်စမ်းရေ ကို အနီရောင် သွေးချောင်း အဖြစ် ပြောင်းလဲ တာတို့ ဟာ ကျွန်တော်တို့ရဲ့ Extreme Thought အစွန်းရောက်တဲ့ အတွေးတွေပါ။ ဒါမျိုးတွေကို အမြင်ဆန်းလို့ ဆိုပြီး နှစ်သက်အားပေး သူတွေ ရှိသလို ၊ သဘာဝကို ဆန့်ကျင်ပါတယ် ဆိုပြီး စွတ်စွဲ ကြတဲ့ သူတွေလဲ ရှိပါတယ်။ ကျွန်တော် အဲလို ရူးကြောင်ကြောင်နိုင်တဲ့ Crazy Art တွေ ဖန်တီးမိတဲ့ အချိန်တွေမှာ နားလည် ခွင့်လွှတ်ပေးကြပါ လို့။ သဘာဝကို ဆန့်ကျင်တာ မဟုတ်ပဲ ကျွန်တော့် စိတ်ခံစားမှုမှာ စိုးမိုးတဲ့ အရောင်တွေကို ကျွန်တော့် ဓါတ်ပုံတွေကို အသုံးပြုပြီး ထွက်ပေါက် ရှာနေတာ လို့သာ…