Comments on: Me and Photography

By: Ye Lwin Oo
@ Wunna >> ခုလို တကူးတက သင်ပြပေးတာ ကျေးဇူးပါ…။ အားရင် ဂဏန်းတွက်စက် ကိုယူ ၊ သေချာ ပြန်ပြီး နှိပ်ကြည့်။ ၂,၄၀၀,၀၀၀ (၂၄ သန်း) ကို အကြမ်းဖျင်း တွက်ကြည့်ရင် ၂.၄ MP ရတာ မဟုတ်ဘူး ၊ ၂၄ MP ရတာ…။ တစ်ခု ပြောဦးမယ်…။ MP ဆိုတာ ပုံတစ်ပုံ ရဲ့ ဆိုဒ်ကိုပဲ ဖော်ပြ ပေးတာ ဗျ ၊ အဲဒီ ပုံ ဘယ်လောက်အထိ SHARP ဖြစ်အောင် ရိုက်နိုင်သလဲ ဆိုတာ က Lens နဲ့ Shutter Speed အပေါ်မှာပဲ မူတည် တယ်။

By: Wanna
1 in မှာ megapixel ၁ သန်း (1000000) ရှိတယ်မလား။ ၄x၆ ဓါတ်ပုံ အရွယ်စားမှာ ဆိုရင်… ၄ နဲ့ ၆ မြှောက်ပြီး ရလာတဲ့ ၂၄ ကို နောက်တကြိမ် ၁သန်းထည့် မြှောက် ၊ ပြီးရင် ရလာတဲ့  ၂၄၀၀၀၀၀ ကိုအကြမ်းဖျင်း တွက်ကြည့်ရင်… 2.4 megapixel ရတယ်မလား…။ ဒီဲလိုရော တွက်လို့ ရလား… Megapixel ကို။ ဒါဆို ကိုယ် ကင်မရာ တလုံး ဝယ်မယ်ဆိုရင် ကိုယ်ဝယ်လိုက်တဲ့ ကင်မရာက megapixel ပေါ်လိုက်ပြီး… အကြီးဆုံး ထွက်မယ့် ပုံဆိုဒ်ကို သိနိုင်တာပေါ့… ဟုတ်တယ်မလား။

By: Ye Lwin Oo
@ Wunna >> ကျွန်တော် သိသလောက် ပြောရရင် Megapixel နဲ့ ဆိုဒ် နဲ့ သတ်သတ်စီ ဗျ။ Megapixel က ပုံရဲ့ ရုပ်ထွက် သိပ်သည်းမှု Resolution ကို ဖော်ပြတာ ဗျ…။ ဥပမာ 3.0 MP ရှိတဲ့ ပုံကို (၁)ပေ x (၁.၅)ပေ ဆိုဒ် ထုတ်လို့ ရသလို 12.0 MP ရှိတဲ့ ပုံကိုလဲ (၁)ပေ x (၁.၅)ပေ ဆိုဒ် လုပ်လို့ ရတယ် ဗျ…။ 3.0 MP နဲ့ ပုံက ဝါးနေမယ် ဗျ ၊ 12.0 MP ကတော့ ကြည်တောက်ရှင်းလေး ဖြစ်နေမပေါ့…။

By: Wanna
ဒါဆို Meggapixel နဲ့ ဓါတ်ပုံ အရွယ်အစား တွက်ရင်ရော ဘယ်လိုတွက်လဲ???

By: Ye Lwin Oo
@ Wunna >> ဟုတ် ပုံရဲ့ အလျား pixel နဲ့ ဒေါင်လိုက် pixel ကို မြှောက်လိုက်တာ ပါပဲ။ ထွက်လာတဲ့ ကိန်းဂဏန်းတွေ က သန်းချီတာမို့ Megapixel လို့ ခေါ်လိုက်တာ ပါ…။ ဥပမာ… ပုံတစ်ပုံ ဆိုပါစို့။ Width 2048 x Width 1536 ဆိုရင် မြှောက်လဒ် က 3,145,728 pixel ရတယ်။ အဲဒါကို round figure ယူရင် 3.1 megapixel equivalent လို့ ပြောနိုင်ပါတယ် ခင်ဗျား။

By: Wanna
Camera မှာ Megiapixel နဲ့ ဓါတ်ပုံဆိုဒ် တွက်နည်း ကို အကို သိလား။ ၁လက်မ မှာ Pixel ဘယ်လောက်ရှိလဲ ဘယ်လို တွက်ရလဲအကို သိရင် ပြောပြ ပေးပါ… ကျေးဇူးတင်ပါတယ်။

By: Ye Lwin Oo
@ Ko Ko Sein >> အကို။ Nikon D80 မှာ Nikon D90 တို့ ၊ D300s တို့လို Built-in Vivid Mode မပါဘူး ခင်ဗျ။ ဒါပေမယ့် တစ်ချို့သော User တွေက D80 ရဲ့ ပုံထွက်ကို ပိုလို့ အရောင်စို စေချင်တယ် ဆိုရင် အောင်ပါ အတိုင်း Optimize လုပ်ကြပါတယ်။

MENU > SHOOTING MENU > OPTIMIZE IMAGE > CUSTOM

CUSTOM PAGE ထဲကို ရောက်သွားရင် အောက်မှာ ရေးထားတဲ့ SETTING အတိုင်း လုပ်ကြည့်ပါ။

- Image Sharpening > Default

- Tone Compensation > Default

- Color Mode > IIIa (three “a”)

- Saturation > + (ကြိုက်သလောက် ဆွဲတင်ပါ)

- Hue > 0 (Default)

အဲလိုဆို ပုံထွက် က ပိုလို့ အရောက် သိပ်သည်း သွားပါလိမ့်မယ်။ Hue ကို သွား မကလိ ပါနဲ့။ ကလိ မိရင် ကာလာတွေ အားလုံး ကြောင်သွားပါလိမ့်မယ်။ နီနေတာ… ၀ါသွားမယ် ၊ စိမ်းနေတာ… ပြာသွားမယ်။ ကျန်တာက လိုသလို ကစား ကြည့်ပါ။

နီကွန် ဒီ၂၀၀ က ဒီ၈၀ ထက် Shutter Speed ပိုမြန်တာ ရယ် ၊ Body က အနည်းငယ် ပိုလို့ ကျစ်လျစ် သိပ်သည်း တာရယ် ပဲ ရှိပါတယ်။ ကျွန်တော် သိသလောက် ပြောတာနော်…။ ဒီ၂၀၀ ရဲ့ Noise Control မှာ အံသြဖွယ် ကောင်းလောက်အောင် ညံ့ဖျင်းပါတယ်။ ISO 800 လောက် အနေအထားမှာ NOISE တွေဆို ဖွာပြဲလံနေအောင် ထွက်ပါတယ်။ ၀ယ်ချင်တယ် ဆိုရင် ဒီ၉၀ (သို့) ဒီ၃၀၀ အက်စ် လောက်ကို ၀ယ်စေချင်ပါတယ်။ Shutter Speed, Noise Control, Shooting Menu အစစ အရာရာ ဒီ၈၀ ထက် ပိုမို သာလွန် ကောင်းမွန်တဲ့ မော်ဒယ်လ် တွေမို့ ကျွန်တော် တိုက်တွန်း အကြံပြု ချင်ပါတယ်။ ဒီ၈၀ ထက်ပိုကောင်းမယ် ထင်လို့ ဒီ၂၀၀ ကို ၀ယ်မယ် ဆိုရင်တော့ “၀ယ်မှား” ဖြစ်သွား မလား ပဲ ဗျာ။

ကိုကိုစိန် သိချင်တာ ရှိရင် Blog မှာ အချိန်မရွေး မေးပါ။ ကျွန်တော် သိသလောက် တတ်သလောက် ဖြေပေးပါ့မယ် ခင်ဗျား။

By: Ko Ko Sein
မင်္ဂလာပါဗျာ… နေကောင်းရဲ့လား… နီကွန် D80 မှာ vividmode ပါလားလို့ ဒီရက်တွေက ရိုက်လို့ သိပ်မကောင်း တော့ဘူးဗျ မြူတွေများနေလို့ ကိုရဲလွင်ဦးကော ရိုက်ဖြစ်သေးလား… ကျနော် ဒီ၂၀၀ တစ်လုံး ထပ်ဝယ်မလားလို့ ဒီ၈၀ ထက်သာလား လို့ သိချင် ပါတယ်ဗျာ… ၀မ် ငါးသိန်းလောက် ကျမယ်… ဓါတ်ပုံပညာ တွေကို ရေးပါအုံးဗျာ… ၀ါသနာသာ ပါတာ ပညာတွေက လိုသေးတယ်… အောင်မြင်ပါစေဗျာ…။

By: Ye Lwin Oo
@ Ko Ko Sein >> မင်္ဂလာပါ ခင်ဗျား။ လာလည်တာ ကျေးဇူးဗျာ။ ကိုမောင်လှ ဆိုတာ ကျွန်တော့်ရဲ့ ဆရာ တစ်ယောက်ပါ။ နီကွန် ဒီ၈၀ က Noise Control လေး နဲနဲ ညံ့တာက လွဲလို့ ကျန်တာ အတော် ကောင်းပါတယ်။ ကျွန်တော်လဲ အရင်က သုံးဖူးတယ် ဗျ။ ကျွန်တော်က Program Mode အသုံးနည်းတယ် ဗျ။ Manual Mode သုံးဖြစ်တာ များတယ်။ အဲ… တစ်ခါတစ်လေ အပျင်းကြီးရင်တော့ Aperture Priority Mode နဲ့ ရိုက်တယ်။

By: Ko Ko Sein
မင်္ဂလာပါ ခင်ဗျာ… ပထမဆုံး အကြိမ် ရောက်ရှိခြင်းပါ…ပုံတွေက တကယ် ကောင်းပါတယ်… အရင်က ကိုမောင်လှ ဆိုက်ကို ကြည့်ဖြစ်ပါတယ်… ဒီနေ့တော့ မိတ်ဆွေ တစ်ဦးတိုးတဲ့နေ့ပါ… ကျနော် အရင်က D-70s နဲ့ ရိုက်ပါတယ်… အခု D-80 ပြောင်းကိုင်တယ် Lens18-200mm ပါ… အခု ပုံတွေက ပရိုဂမ်နဲ့ ရိုက်တာ အဆင်မပြေဘူး ဗျာ… ပညာတွေ မျှဝေပါအုံး… ဓါတ်ပုံ ရိုက်တာကို ၀ါသနာကြီး လို့ပါ။