YE LWIN OO . COM
Private Darkroom of A Serious Photo Maker
  • Home
  • About
  • Archives
  • Gears
  • Notes

HAPPY FIRST ANNIVERSARY

October 22nd, 2009
37 Comments
 

ကျွန်တော့် ဘလော့ဂ်

အခုလာမယ့် ၂၀၀၉ အောက်တိုဘာလ ၂၆ ရက် ဆိုရင် ကျွန်တော် ဘလော့ဂ်ရေးတာ တစ်နှစ် တိတိ ပြည့်ပါပြီ ခင်ဗျား။ YELWINOO.COM ရဲ့ တစ်နှစ်ပြည့် မွေးနေ့ လို့လဲ ပြောလို့ရတယ်။ မှတ်မှတ် ရရ ကျွန်တော် ပထမဆုံး တင်ဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးက NOVICES ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပါ။ နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး အစီအစဉ် နဲ့ ဧရာဝတီတိုင်း ၊ ဖျာပုံ ခရိုင် ၊ ဖျာပုံ မြို့နယ် ၊ လေးအိမ်တန်း ကျေးရွာကို ရောက်ခဲ့စဉ်က ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ကိုရင်လေး နှစ်ပါးကို အမှတ်မထင် ရိုက်ခဲ့တဲ့ ပုံလေးပါ။ မတောက်တစ်ခေါက် ရိုက်ထားတဲ့ ပုံလေးတွေနဲ့ ညီငယ်လေး မျိုးကျော်ထွန်း ရဲ့ တိုက်တွန်းမှု ၊ ကျွန်တော့် အဖေ ရဲ့ အားပေးမှု တွေက ကျွန်တော် ဒီနေ့ ဒီအချိန် အထိ ပုံတွေ ဆက်တိုက်တင် ဖို့အတွက် အဓိက တွန်းအား ဖြစ်ခဲ့တာပါ။ သွားရင်းလာရင်းနဲ့ တွေ့လို့ ရိုက်ထားတာလေးတွေ ရှိသလို ၊ ဘလော့ဂ်မှာ တင်ဖို့ဆိုပြီး တသီးတသန့် ထွက်ရိုက်ခဲ့တာတွေလည်း တစ်ပုံတစ်ပင် ရယ်ပါ။ တစ်နှစ် ဆိုတဲ့ ကာလ တစ်ခုမှာ ကျွန်တော့်ကို အမြဲတစေ အားပေး ကူညီ ခဲ့တဲ့ သူငယ်ချင်း ၊ အပေါင်းအသင်းတွေ ရှိသလို ဘယ်ကမှန်းမသိ ၊ ဘလော့ဂ်ကို လာပြီး အောက်တန်းကျတဲ့ ကွန်မန်းတွေ လာရေးသူတွေလဲ ရှိပါတယ်။ အဲဒီ ဘလော့ဂ် လုပ်ရတဲ့ ရည်ရွယ်ချက် ၊ ကျွန်တော့်ရဲ့ ခံယူချက် ၊ ကျွန်တော် ရင်းနှီး ခဲ့တဲ့ အချိန် ၊ ငွေ စတာတွေက နဲနဲနောနော မဟုတ်ပါဘူး။ ဘာမဟုတ်တဲ့ ၂ ကြောင်းလောက် ရှိတဲ့ ဒီ အောက်တန်းစား ကွန်မန်း တွေကို အရေးလုပ်လို့ ကျွန်တော့် ဘလော့ဂ်ကို ကျွန်တော် ဖျက်သိမ်းဖို့တော့ အစီအစဉ် မရှိတာ အမှန်ပါ။ ဒီလိုပြောလို့ ကျွန်တော် ဘလော့ဂ်မှာ ချီးကျူးတဲ့ ကွန်မန်းတွေ သာရေးရမယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ယူနေဆဲ ဓါတ်ပုံသမား တစ်ယောက် ပီပီ ကျွန်တော့်ကို Technical, Shooting, Camera Setting, Lighting, Angle အစ ရှိတဲ့ Fault တွေကို ထောက်ပြနိုင်တဲ့ ကွန်မန်းမျိုးကို ကျွန်တော် အမြဲ တစေ ကြိုဆို လျက်ပါ။ ကိုမောင်လှ ၊ မျိုးကျော်ထွန်း ၊ ကိုမျိုးဟန်ထွန်း ၊ ကိုဂျေ ၊ ညီမင်းစံ ၊ နိုင်နိုင်ထွန်း (Exposure) နဲ့ ကိုထွန်းလင်းစိုး (Rain Stealer) အစ ရှိတဲ့ ညီနောင်တွေ က ကျွန်တော့် ပုံတွေကို Technical Point of View ကနေ အမြဲ အကြံပြု ဝေဖန် နေခဲ့တာပါ။ သူတို့ တွေကိုလည်း အရမ်းကို ကျေးဇူး တင်ပါတယ်။ အဲဒီလို ကွန်မန်းတွေသာ မရခဲ့ဘူး ဆိုရင် ကျွန်တော် ဒီနေ့ ၊ ဒီအချိန် ရိုက်နေတဲ့ ဓါတ်ပုံမျိုးတွေ ဆိုတာ ဘယ်နား နေမှန်းတောင် သိမှာ မဟုတ်ပါဘူး။

နောက်ပြီး ကျွန်တော့်လို တက်သစ်စ မြန်မာ Blogger တစ်ယောက် အတွက် သိသင့် သိထိုက်တဲ့ Do’s & Dont’s တွေကို အမြဲတစေ သွန်သင် လမ်းပြပေးတတ်တဲ့ ကိုနန္ဒလင်းအောင် ၊ မယ်လိုဒီမောင် ၊ ကိုချမ်းမြစိုး နဲ့ ကျွန်တော်ရဲ့ ကျောင်းနေဖက် သူငယ်ချင်း မင်းသူ တို့ကိုလဲ အထူးပဲ ကျေးဇူးတင်ပါကြောင်း။ ကျွန်တော့်ရဲ့ Blog Post တွေတိုင်းကို စိတ်ရှည် လက်ရှည် ကွန်မန်းတွေ ပေးတတ်တဲ့ ၊ ကျွန်တော့် Narration တွေကို အမြဲတစေ Proofread လုပ်ပေးတတ်တဲ့ ခပ်ချောချောလှလှ ညီမလေး ပုံကြီး ကိုလဲ ကျေးဇူး ပါလို့။

အချိန်နဲ့ တပြေးညီ ပြောင်းလဲမှု

သွားရင်း လာရင်း တွေ့မြင်တာတွေကို ရိုက်မယ် ၊ ရိုက်ထားတဲ့ ပုံတွေ တင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ ဘလော့ဂ်လေးကို အစချီခဲ့တာပါ။ ကြုံကြိုက်လာလို့ မသိုးသင်္ကန်းပွဲ ၊ ကျီးမနိုးပွဲ ၊ မြန်မာ့ရိုးရာ ရှင်လောင်းလှည့်ပွဲ အစ ရှိတာတွေကို ဘလော့ဂ်မှာတင်တော့ မထင်မှတ်ပဲ Visitor Traffic က သိသိသာသာ တက်လာခဲ့တယ်။ ကျွန်တော်က ဓါတ်ပုံတွေ နဲ့အတူ သမိုင်းကြောင်း အထောက်အထား ၊ ရိုးရာ အစဉ်အလာ ၊ ယုံကြည်ကိုးကွယ် မှုတွေကို Narration လေးတွေ ရေးပေးဖြစ်တော့ လူတွေက ပိုစိတ်ဝင်စားကြတယ်။ အဲဒီ နောက်ပိုင်း ကျွန်တော့် ဘလော့ဂ် ရဲ့ ရည်ရွယ်ချက်က နည်းနည်းလေး Particular ဖြစ်လာတယ်။ Website တွေရဲ့ Page Rank တွေ အကြောင်းကို နားလည်တဲ့ ကိုနန္ဒလင်းအောင် နဲ့ ညီငယ်လေး မျိုးကျော်ထွန်း က ဘလော့ဂ် တစ်ခုမှာ Content ရဲ့ အရေးပါပုံကို စိတ်ရှည် လက်ရှည် ရှင်းပြလေတော့ နောက်ပိုင်းမှာ post တစ်ခု တင်မယ် ဆိုတိုင်း ပိုလို့ အချိန်ယူကာ အားစိုက်ထုတ် ရပါတော့တယ်။ ဓါတ်ပုံတွေ ပြင်ဆင် ရတာထက်ကို အဲဒီ ပုံတွေအတွက် တိကျပြီး ယုံကြည်ရတဲ့ Reliable Information တွေကို Data Mining လုပ်ဖို့ လိုလာပါတယ်။ မှားယွင်းတဲ့ အချက်အလက် တွေကို ဖော်ပြမိမှာ စိုးလို့ပါ။ ကျွန်တော် Online မှာ ရှာတာတွေ ရှိသလို ၊ ရိုးရာ ၊ သမိုင်းကြောင်း ၊ ဘုရား ၊ စေတီ နဲ့ ပတ်သက်တဲ့ စာအုပ်တွေလဲ အများကြီး ၀ယ်ယူ စုဆောင်းခဲ့တာပါ။ ပုဂံ ခရီးစဉ် အပြီး ပုဂံ ဘုရားတွေ အကြောင်း ရေးတော့ အဖေ က စာအုပ်တွေ တပုံတပင် ၀ယ်ပေးခဲ့တယ်။ ရှေးဟောင်းသုတေသနဌာန က ထုတ်ဝေထားတဲ့ စာအုပ်တွေ ရှိသလို ခုခေတ် ခရီးသွား ပညာရှင်တွေရဲ့ စာအုပ်တွေလဲ ပါတယ် ခင်ဗျ။ သို့ပေသောကြောင့် အရင်ကလို post တွေကို တစ်ပတ် ၂ ကြိမ် ပုံမှန် မတင်နိုင်တော့ ပါဘူး။ Post တစ်ခု အတွက် စာရေး ရတယ် ၊ ပြန်ဖတ် ရတယ် ၊ ပုံတွေ ပြန်ကြည့်တယ် ၊ ရွေးတယ် ၊ ပြင်တယ် ဆိုရင်ပဲ ကျွန်တော် ရင်းနှီးရတဲ့ အချိန်က နည်းနည်းနောနော မဟုတ်ပါဘူး။

တစ်နှစ်ပြည့် ကန်တော့ပန်း

ကျွန်တော့်ကို ဒီကနေ့ အထိ လူရယ်လို့ ဖြစ်လာအောင် ပြုစုပြိုးထောင်ပေးခဲ့တဲ့ ကျွန်တော့် ဖခင် နဲ့ ကျွန်တော့်ကို ဓါတ်ပုံ ပညာသင်ပေးတဲ့ လက်ဦးဆရာ ကိုဂျေ (သခင်ကြီး – မန္တလေး) အား ဒီ post လေးနဲ့ ဂါရ၀ ပြု ကန်တော့လိုက်ပါတယ်။

Share/Save

Posted under: Notes
« FESTIVAL OF FIRE FLOWS (SHWE KYIN)
THE THARABA GATEWAY »

37 Comments

Congratulations! bro… Good Luck to u :)

Pyi Soe
October 22nd, 2009

@ Pyi Soe >> Thanks a lot, bro…

Ye Lwin Oo
October 22nd, 2009

Congratulations bro…

M. Peter Awng
October 23rd, 2009

move on bro… cheers…

Hsai Noon
October 23rd, 2009

@ M. Peter Awng >> Thanks a lot, bro…

@ Hsai Noon >> Thanks, Sis. I will move on…

Ye Lwin Oo
October 23rd, 2009

အပရီရှိရိတ် ဘရားသား…
REALLY APPRECIATE
မြန်မာ့ ပုံရိပ်တွေကို ပိုပြီး ထင်ဟပ် နိုင်ပါစေသော်
ကျုပ် heart ကို ထိတာကတော့ ယနေ့ ရန်ကုန်ကို ထင်ဟပ်သော အောက်ခြေ ပုံလေးများပါပဲဗျာ။
တစ်ပုံကို ကြည့်ပြီးတိုင်း ကျုပ်မှာ စဉ်းစားစရာတွေ မပြတ်တော့ပါဘူး။

MM Thinker
October 23rd, 2009

Congrats BRO!!!

SSZ
October 23rd, 2009

Congratulations ပါ ကိုရဲလွင်ဦး ၊ အကို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ယခုထက်ပိုပြီး အောင်မြင်မယ်လို့ ယုံကြည်မိပါတယ်။
အမြဲတမ်း အားပေးနေပါတယ်။

မောင်မောင်
October 23rd, 2009

Congratulations Bro… hope to see more… :)

Cho Nwe
October 23rd, 2009

Great Post.

MYO HAN HTUN
October 23rd, 2009

ရှေ့ဆက်ပြီး ဓါတ်ပုံ ကောင်းကောင်းလေးတွေ တင်နိုင်ပါစေအကို…

မီးငယ်
October 23rd, 2009

Congratulations Bro! ဒီထက်မက အောင်မြင်ပါစေ…

MgHla
October 23rd, 2009

I really appreciate what you are doing. Keep up the good work, bro! Congrats…

Yinnwe
October 23rd, 2009

Congratulations!
I wish you be more successful in what you are doing… :)

Min Thu
October 23rd, 2009

ဘာလိုလိုနဲ့ တစ်နှစ်ပြည့်သွားပြီ … ဓါတ်ပုံတွေ ဆက်ရိုက်ပါ… ဆက်တင်ပါ… လက်ရာတွေ… အယူအဆတွေ… တော်တော်ကြီး ကောင်းလာတယ်… နောက်တစ်ခုက ရိုးရာပွဲတွေနဲ့ ပါတ်သက်ပြီး အစ်ကို့ဆိုဒ်က ဗဟုသုတတွေ အများကြီး ရတယ်… အောင်မြင်ပါစေဗျာ…

Myo Kyaw Htun
October 23rd, 2009

sounds great to me… well done… all thumbs up…

Linn
October 23rd, 2009

Congratulations, bro! Though your site is only a year old, it’s way too popular because of your effort and hard work. We’ll support you from any possible aspect. Be more successful!

AKH
October 23rd, 2009

Congrats!
အခုလိုမျိုး အကို့ရဲ့ အတွေ့အကြုံတွေကို အချိန်ပေးပြီး ဝေမျှပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
နောက်လဲ အားပေးနေဦးမှာပါ…

Luis Aung
October 23rd, 2009

Congratulations bro… carry on…

KZO
October 23rd, 2009

@ MM Thinker >> ကိုသင်ကာ ရေ…။ သင်းခရု ဆိုးမတ်ခ်ျဗျာ။ ကျွန်တော် ဆက်ကြိုးစားနေဦးမှာပါ။

@ SSZ >> Thanks a lot, my dear…

@ မောင်မောင် >> ကိုမောင်မောင် အမြဲ အားပေးတာ ကျေးဇူးဗျာ။ ကျွန်တော့် အတွက် ခွန်အားတွေပေါ့။

@ Cho Nwe >> Thanks, sis… No worries, I still have 10+ posts from Bagan trip…

@ မီးငယ် >> ပေးတဲ့ဆုနဲ့ ပြည့်ဝရပါစေသားဗျာ…။

@ MgHla >> Thanks a lot, bro. You guys had supported me a lot…

@ Yinnwe >> Thanks a lot for appreciation and comments…

@ Min Thu >> Thanks, Nyi Lay… Really appreciate your helps all the time too…

@ Myo Kyaw Htun >> ညီလေး ရေ…။ တစ်နှစ်ဆိုတာ ခဏလေးနော်…။ မင်း လမ်းခင်းပေးခဲ့တာ မဟုတ်ရင် ဒီနေ့ ဒီအချိန် ဒီဘလော့ဂ် ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ညီလေးရဲ့ အမြဲ တစ်စေ စိတ်ရော ကိုယ်ပါ ကူညီပေးမှုတွေကို အသိအမှတ်ပြုလျက်ပါ။

@ Linn >> Thanks a lot, bro… Site traffic still need to be higher than this… Still doesnt hit my expectation…

@ AKH >> Thanks a lot, bro. It seems like I need to put more affords to update regularly…

@ Luis Aung >> ၀ါသနာကို အရင်ပြုပြီး ဒါလေးတွေ လုပ်ဖြစ်တာပါ။ တတ်လွန်းလို့တော့ မဟုတ်ပါဘူး။

@ KZO >> Thanks heaps, bro…

Ye Lwin Oo
October 23rd, 2009

Happy Birthday 1 Year Old Baby Blog!
Cheers!
Bigger Challenges are waiting for the 1 Year Old Baby no so far away Bro…
Best of Luck and Congratulations!!!

Zaw Latt
October 24th, 2009

အစ်ကို ဒီထက်မက အောင်မြင်ပါစေ ဆုတောင်းပါတယ်နော…။ ဆက်လက် ချီတက်ကြပါစို့…။

Nyi Min San
October 24th, 2009

@ Zaw Latt >> Thanks a lot, bro. I have overcome lots of obstacles along the year and i will be handling them in the future too…

@ Nyi Min San >> ဆုတောင်းပေးတာ ကျေးဇူးဗျာ။ ညီလေးလဲ အောင်မြင်ပါစေ လို့…။

Ye Lwin Oo
October 24th, 2009

Congratulations!!! KO THAR GYI…!!! အမြဲအားပေးနေတယ်…

Lynn Shein
October 24th, 2009

@ Lynn Shein >> Thanks, bro…

Ye Lwin Oo
October 24th, 2009

ကျေးဇူးတင် စကားရေးထားတာလေးက ထိမိတယ်။ ဒီထက်မက အောင်မြင်ပါစေ။

Ma Nyein
October 24th, 2009

ဒီထက်မက ပိုအောင်မြင်ပါစေ ဗျာ။ ကိုရဲရေ…

Sumo PaukSi
October 24th, 2009

@ Ma Nyein >> ဘယ်ဟာက ဘယ်လို ထိမိတာတုန်း ဗျာ။ ဟိ ဟိ။ ကျေးဇူး မငြိမ်း။

@ Sumo PaukSi >> ပေးတဲ့ ဆုနဲ့ ပြည့်ပါစေဗျာ။

Ye Lwin Oo
October 25th, 2009

Hello bro!
This morning I visit to your website and see your note unexpectedly and know today is your happy first anniversary. I am your regular visitor and learning some knowledge through your blog. Congratulations for your success.
May your life be full of pleasant surprise & heartfelt joys.

Naw Naw
October 26th, 2009

Happy Birthday!! wish you all the best…
Hope to see more photos…

SY
October 26th, 2009

Hello bro:
yelwinoo.com ၁ နှစ်ပြည့်ပြီ ဆိုတာသိရလို့ Congratulations ပါဗျာ… အကို့ရဲ့ blog ကို အားပေးလျှက်…

Ko Thant Zin
October 26th, 2009

@ Naw Naw >> Thanks a lot for your regular visit and anniversary wish, Ma Naw Naw…

@ SY >> Thanks thanks… Many more pics to come…

@ Ko Thant Zin >> ညီလေး သန့်ဇင် ၊ အားပေးတာ ကျေးဇူးဗျာ…

Ye Lwin Oo
October 26th, 2009

lolzzz… ရွဲ့တယ်ပေါ့ ဟုတ်လား… proofread လုပ်တုန်းက နောက်ပြီး ထည့်ပေးလိုက်တဲ့ မီးနာမည်ရှေ့က နာမ၀ိသေသန ကိုပါအောင် တင်ပေးလိုက်တယ်ပေါ့… ပြောထားတယ်နော်… နောက်မှ ယောက်ဖ တော်ချင်တဲ့သူတွေ များလွန်းလို့ စိတ်ညစ်တယ်မအော်နဲ့ … ;P… အဲနီးဝေး ကွန်ဂလက် ကျူလေးရှင်း မိုင်ဘရိုး… အိုင် အမ် ဗဲ ရီး ဂ လက် သက် ယူ ဟပ် ဘင်း ဆက် ဆိ ဒစ်ထ် သစ် မက်ခ်ျ… ကိ ပစ် အပ်… ယူ အော ဝေးစ် ဟပ် မီး အက်စ် ရော် ဖော် ရဲ ဗား ဖန်… ;D

Pon Gyi
October 28th, 2009

Congratulations, KO THAR GYI…

Myat Lay Nge
October 28th, 2009

@ Pon Gyi >> မရွဲ့ပါဘူး။ သစ် အစ် ကော ပရိုမိုးရှင်း။ အိုင်အမ် ထရိုင်းရင်းတူ ပရိုမုတ်ယူး မိုင်စစ်စတား။ ဆိုးသတ် ယူဝင်ဘီ ဘဲလီး ပေါ်ပြူလာ အမန်း ကူးဘွိုင်းစ်။ သင်းခရု ဖော်ယော် ကွန်မန်း အန် ယော်ကွန်မန်း အောဝေးစ် မိတ်ခ်မီး စမိုင်း…။ သင်းခရု အဂိမ်းဖော် ဘီးရင်း မိုင် ဖော် ရဲ ဗား ဖန်…

@ Myat Lay Nge >> Thanks a lot, Mie Nge…

Ye Lwin Oo
October 28th, 2009

အချိန်တွေ အများကြီးပေးပြီး သေချာလုပ်ထားမှန်း သိသာပါတယ် ၊ အကို ရဲလွင်ဦးရေ…
အကို့ ဘလော့တွေထဲက… တစ်ခုခု အမြဲရပါတယ်… သုတရော… ရသရော… ပေးတဲ့… ဘလော့လေး… အမြဲ…တိုးတက် ကောင်းမွန်ပါစေ…

ဇင်မာ
November 14th, 2009

@ ဇင်မာ >> လာလည်တဲ့ အတွက်ရော… ဆုတောင်းပေးတဲ့ အတွက်ရော ကျေးဇူးပါဗျာ…

Ye Lwin Oo
November 15th, 2009

Leave a comment

Recent Photos

  • 2093
  • 2090
  • 2200
  • 2172
  • 2155

Friends

  • Myo Kyaw Htun
  • Myo Han Htun
  • Nyi Min San
  • Chan Mya Soe
  • Min Thu
  • Soe Photography

Follow me at

  • LinkedIn
  • Facebook
  • Twitter
  • Friendster
  • Hi5
  • Photoblog
  • Picasa
  • DeviantArt

Archives

  • November 2009
  • October 2009
  • September 2009
  • August 2009
  • July 2009
  • June 2009
  • May 2009
  • April 2009
  • March 2009
  • February 2009
  • January 2009
  • December 2008
  • November 2008
  • October 2008

Categories

  • 5nap5hots
  • 5treet 5hots
  • Dedications
  • Festivals & Events
  • Landmarks
  • Nature Arts
  • Notes
  • Portraits
  • Rural Lives
  • Souvenirs of Landscapes
  • Travel Spots

Blogging

  • C2M
  • My Photography Blog
  • Tanintharyi