Dear fans, friends and families:
This is auspicious Myanmar New Year time. Happy Myanmar New Year to you all! A few days back, I have had a blog post about Myanmar New Year festival. Narrations and descriptions are 100% English. Please follow the photos here…
This time, I am going to write in Burmese (Myanmar). For my foreign friends, my sincere apology to you all. It intended to write some local language to my native friends.
By the way, everything in this post is in Monochromatic expression. Well, Thingyan is fair. Thingyan is unbiased. Thingyan is consistent. Whether Thingyan photos are colorful or B&W, it still give you the same happiness, joy and merits.
သူငယ်ချင်း တို့ ရေ…။
မြန်မာ သက္ကရာဇ် ၁၃၇၃ ကို အပြီးအပိုင် နှုတ်ဆက်ရတော့မယ့် အချိန်ကို နီးကပ်လာပြီ နော်…။ နှစ်ဟောင်း က ကံမကောင်းမှုတွေ ၊ ဆုံးရှုံးမှုတွေ ၊ အပူအပင်တွေ ၊ အခက်အခဲ တွေအားလုံးကို သင်္ကြန်ရေ နဲ့ အတူ စီးမျောခွင့် ပေးလိုက် ကြရအောင်…။ နောက်ပြီး မြန်မာ သက္ကရာဇ် ၁၃၇၄ ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြ ရအောင် ဗျာ…။ ကျက်သရေ မင်္ဂလာ အပေါင်း နဲ့ ထိန်ဝေညောင်းတဲ့ အတာ သင်္ကြန် နှစ်ကူး အခါသမယ မှာ စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း နဲ့ ပြီးပြည့်စုံပြီး လုပ်ငန်း စီးပွားများ အဖုအထစ်မရှိ ချောမွေ့အောင်မြင်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ် ဗျာ…။
ဒီနှစ် ၂၀၁၂ သင်္ကြန်က ကျွန်တော့် အတွက်တော့ ထူးခြားတယ် ဆိုရမယ် ဗျ။ သင်္ကြန် အချိန်ဆို ရန်ကုန်မှာ ရှိဖို့ ခဲယဉ်း လေ့ရှိတဲ့ ကျွန်တော် ဒီနှစ်တော့ မဖြစ်မနေ ရန်ကုန်မြို့ မှာ ရှိနေတာ ပါပဲ။ နောက်တစ်ခု က ဘယ်လို အကြောင်းနဲ့ မှ Blog Post တွေ မြန်မာ လိုနဲ့ မရေးတတ်တဲ့ ကျွန်တော် မြန်မာလို နဲ့ Blog Post တစ်ခု ကို ရေးဖို့ ငယ်သူငယ်ချင်း တစ်ယောက် က တိုက်တွန်း လိုက်ခြင်းပါ ပဲ…။ ထုံးစံ အတိုင်း မောင်ရဲလွင်ဦး တို့ ကာလာဓါတ်ပုံတွေ ကြည့်တာများလာရင် ငြီးငွေ့တတ်တဲ့ အကျင့်ဆိုး ကြောင့် အဖြူ ၊ အမည်း ကို အာရုံ လာနေတယ်။ သင်္ကြန် ပုံတွေကို အဖြူ ၊ အမည်း ဆိုရင် လူတွေ ကြိုက်ပါ့ မလား ၊ ကြည့်လို့ရော ကောင်းပါ့ မလားပေါ့။
“မိုးပေါ် ခုန်တက် ကလိုက် ချင်ပါတယ်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားမှာ မင်းသား နေအောင် ပြောတဲ့ စကားကို သွားကြားယောင် မိတယ်။ သင်္ကြန် ဆိုတာ သစ္စာ မဖောက်ဘူး ၊ ဖက်မလိုက်ဘူး။ ပိတောက် ဆိုတာလဲ ကတိတည်တယ် ၊ သိမ်မွေ့တယ် ၊ တုံ့ပြန်မှုတွေ ညီမျှတယ်။ အဲလိုပဲ အရောင်မစုံတဲ့ အဖြူ ၊ အမည်း ပုံတွေ ဖြစ်ပေသော်ငြား သင်္ကြန်ရဲ့ အငွေ့ ၊ အသက် ၊ သင်္ကြန် ရဲ့ ပျော်ရွှင်မှု တွေကို ဖက်မလိုက် ၊ သစ္စာ မဖောက်တမ်း ဖော်ဆောင် နေမယ် ဆိုတာ…။
ဒီ တစ်ခါတော့ ခါတိုင်း ရေးနေကျ ပုံစံမျိုး မဟုတ်ပဲ သူငယ်ချင်း အတွက် ပေါ့ပေါ့ပါးပါး ရေးသားပြီး ပို့စ် တစ်ခု တင်ပေးလိုက်ပါတယ်။ Formal ပုံစံ နဲ့ ရေးရတာ များတော့ တစ်ခါတစ်လေ လွတ်လပ်တဲ့ အရေးအသားမျိုးလေး ဆို အပြောင်းအလဲလေး ဖြစ်မလား ဆိုတဲ့ သဘောလေးပါ…။
* * * * *

ဒီနှစ် ရိုက်ခဲ့တဲ့ ပုံတွေထဲမှာ အစွန့်စားဆုံး ရိုက်ခဲ့တဲ့ ပုံ လို့ ပြောလို့ ရတဲ့ ပုံလေး တစ်ပုံပါ…။ ကင်မရာ ရေစိုမှာ စိုးလို့ ဘုရား သိကြား “တ” ပြီး ရေတောထဲ ဝင်ရိုက် ခဲ့တာပါ…။ ကိုယ်လိုချင်တဲ့ ပုံလေး ရလိုက်တာမို့ အတော်လေး ဘဝင်ကျ ခဲ့ပါတယ်။ ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ် (၁၁) လမ်းထိပ် မိသားစု ရေကစား မဏ္ဍပ်မှာ ရိုက်ခဲ့တာပါ…။ ညနေ ၅း၀၀ ဝန်းကျင် နေဝင်ချိန်မှာ နေကို မျက်နှာချင်း ဆိုင်ရိုက်ထားတဲ့ ပုံတစ်ပုံ ဖြစ်ပါတယ်…။
* * * * *

ဒါလေးလဲ တရုတ်တန်းမှာ ရိုက်ခဲ့တဲ့ ပုံလေး ပါပဲ။ နေရာကတော့ (၁၆) လမ်း ၊ မဟာဗန္ဓုလလမ်း ထိပ်မှာပါ…။ ကျွန်တော် ငယ်ငယ်တုန်း က နှစ်စဉ် ၊ နှစ်တိုင်း (၁၄) မိသားစု ရေကစား မဏ္ဍပ်မှာ ဆော့တယ် ဗျ…။ ကျွန်တော်က (၁၄) လမ်း အဖွားအိမ်မှာ ကြီးပြင်း ခဲ့တာ ကိုး။ အခုတော့လဲ (၁၄) လမ်း မိသားစု ရေကစား မဏ္ဍပ် ဆိုတာ မရှိတော့ ပါဘူးလေ…။ သင်္ကြန် နီးပြီဆို နှစ်စဉ် မပျက် တက်တက်ကြွကြွ နဲ့ ဦးဆောင် တတ်တဲ့ သွားလေသူ ကိုညီညီမောင် ကို သင်္ကြန်ရောက်ရင် ပိုလို့ သတိ ရတယ် ဗျာ…။ သူသာ ရှိနေသေးတယ် ဆိုရင် ဘယ်သူတွေ ဘယ်လောက်တားတား မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရေကစား မဏ္ဍပ်ကို တာဝန်ယူ လည်ပတ် ပေးစမြဲ ပါ…။ ကျွန်တော်တို့ကို ရုတ်တရက် ခွဲခွာ သွားတဲ့ အကို ကောင်းရာ သုဂတိ လားပါစေ ဗျာ…။
* * * * *

ရန်ကုန် မြို့တွင်း (၆) မြို့နယ် အတွင်းက မဏ္ဍပ်တွေ ထဲမှာ အစည်ကားဆုံး မဏ္ဍပ် ပါပဲ။ အနော်ရထားလမ်း ၊ စဉ့်အိုးတန်း နဲ့ ၁၉လမ်း ကြားက SKYNET နဲ့ SHWE FM တို့ရဲ့ ဖျော်ဖြေရေး မဏ္ဍပ် ဖြစ်ပါတယ်။ နိုင်ငံကျော် အဆိုတော်များ ရဲ့ တေးဂီတ ဖျော်ဖြေမှုတွေ ပါဝင်တာကြောင့် လာရောက် စောင့်စား ကြည့်ရှု သူများ နဲ့ ကျိတ်ကျိတ်တိုး စည်ကား လှပါတယ်…။
* * * * *

ရေမှုန်တွေ ကြားထဲက သူတို့ တတွေရဲ့ အပျော် – နှစ်ဟောင်းက အဆိုး အညစ် တွေ သင်္ကြန်ရေ နဲ့ အတူ စီးမျော စင်ကြယ် နိုင်ကြ ပါစေ သော်ဝ်…
* * * * *

တချို့ တချို့သော မဏ္ဍပ်တွေ… ဆောက်ထားတာ ဧရာမကြီးတွေ ဗျာ…။ ရေပက်တဲ့ သူက သုံး – လေး ဆယ် လောက်ပဲ ရှိတယ်။ အဲလို လူနည်း ရခြင်း အကြောင်းအရင်း ကတော့ ရေကစားခွင့် လက်မှတ် ဈေးနှုန်း ကြောင့်ရယ်ပါ…။ မဏ္ဍပ် တစ်ခု ရဲ့ ကြော်ငြာ မှာ ရေးထားတာ…
ALL DAY – 120,000 KYATS / 3 DAYS 80,000 KYATS / 1 DAY – 50,000 KYATS ဟူ၍သာ…
* * * * *

သင်္ကြန် အပြီး စီပွားအဖြစ်ဆုံး လူတစ်စု ကို ပြောပြပါ ဆိုရင် ကားဝပ်ရှော့ ဆရာများ ဟု ပြောရပါမည်။ ကား တစ်စီးလုံးကို ရစရာ မရှိအောင် ကပြ ၊ ခုန်ပေါက်ပြီး ဒွန့်တတ်တဲ့ ညီငယ်လေးတွေ ရှိနေလို့သာ ကားဝပ်ရှော့ ဆရာများ ထင်သည်ထက် ပို၍ အလုပ် ဖြစ်ကြပါသည်…
* * * * *

Lady Ga Ga ရဲ့ Bad Romance သီချင်း ၊ အမူးသမား ၊ ပုဆိုး ကတောင်းကျိုက် ၊ ကတ္တရာ လမ်းမပေါ် မှာ Underground အက။ ဘယ်လို မှ စပ်ဟပ် လို့ မရတဲ့ မဆီမဆိုင် ကို့ယိုကားယား ဗျာ။ သူ့ Underground ဆိုတာ ကလဲ ကြည့်ရင်း ကြည့်ရင်း ကြက်ဖခွပ်တန်း ဆော့သလို ဖြစ်ဖြစ်နေတာ ဗျ။ အဲ… ဒီလို ပေါက်ကရ အက မျိုးတွေ ကျတော့ သူငယ်ချင်း ရွှေမန်းသား မာမီ ညီမင်းစံ တို့ သိပ်ပိုင်နိုင် တာပေါ့ဗျာ…။ မယုံရင် သူ့ဆီ သွားသင်…။
* * * * *
Pingback: 2012 THINGYAN DAY (04) | YE LWIN OO . COM